ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ သတင်းအချက် အလက်များအား ကျေးရွာအရောက် လိုက်လံ အသိပေးခြင်း ဆောင်ရွက်
Dec 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တနင်းသရော ကျေးရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများ သိရှိ လိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန် ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်လွှဲပိုင်းအချိန်က Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။