သာစည်မြို့နယ်၌  အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ ၃၁၂ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

သာစည်  ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ ၃၁၂ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက် ၉ နာရီက  သတ်မှတ်အခြေခံပညာကျောင်း ဆေးထိုးစုရပ်တို့၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူ များအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခြင်းကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများအား အောက်တိုဘာ ၁၇ ရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ရာ ယမန်နေ့အထိ  ပထမအကြိမ် ထိုးနှံပြီးသူ ၉၂၈၂ ဦး၊ ဒုတိယအကြိမ်အဖြစ် ၉၂၁၄ ဦး ထိုးနှံ ပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)