ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအုပ်စု(၂)အုပ်စုရှိ ပြည်သူ(၁၉၁)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

ဝါးခယ်မ  ဒီဇင်ဘာ ၁၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနဌာနမှ  “လူမှု့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီက ‌ မြစ်ကလေးကျေးရွာအုပ်စုနှင့် ကျုံပတုတ်ဝကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦး‌ကျော်စိုး၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ‌ မြစ်ကလေးကျေးရွာအုပ်စုနှင့် ကျုံပတုတ်ဝ ကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့် (၇၂)ဦး၊ အသက်(၁၈)နှစ်ပြည့် (၄၂)ဦး၊ လဲလှယ်(၄၆)ဦး၊ မိတ္တူ(၃၁)ဦး စုစုပေါင်း(၁၉၁)ဦးနှင့် ပြောင်းရွေ့အိမ်ထောင်စု(၂)စုအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဒေါ်စောသန္တာဦး