သတင်းများ

ဂွမြို့တွင် မြို့ရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ်ဆောင်ရွက်
May 21,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်များနှင့်အညီ ပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှမိသားစုဝင်များ၊ ကျေးရွာ SMU အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီက ဂွမြို့ ရဟိုင်ကွင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
မိုင်းလုံမြို့၌ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
May 21,2022
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  ညနေ (၄) နာရီ အချိန်ခန့်က  မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အမ်းမြို့၌ သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်
May 21,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်း‌ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းမြေနေရာ နှင့် လေယာဉ်ကွင်းလမ်း လမ်းဘေးဝဲရာ​နေရာများတွင်ဆောင်ရွက်ခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် မြို့နေလူထုနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် မြို့နေလူထုနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ဇီးဖြူချောင်းကျေးရွာလမ်းတစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
​ရွှေဘိုမြို့ အထက (၁) ​ကျောင်းသန့်ရှင်းသာယာလှပ​ရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 21,2022
စ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့၊ အထက (၁) တွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့ အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့်
မိုင်းပျဉ်းမြို့ နားဇရက်မူကြိုကျောင်း၏ မူကြိုကျောင်းဆင်းပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
May 21,2022
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ နားဇရက်မူကြိုကျောင်း၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ မူကြိုကျောင်းဆင်းပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီက ၎င်းမူကြိုကျောင်း၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
လှည်းကူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန် မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင် ရောဂါ ပျောက်ဆေးရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
May 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အများပြည်သူသုံးစွဲရန် မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါပျောက်ဆေး ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့မစျေးတွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
May 21,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကိုယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။