လှည်းကူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန် မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင် ရောဂါ ပျောက်ဆေးရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

လှည်းကူး မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အများပြည်သူသုံးစွဲရန် မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါပျောက်ဆေး ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့မစျေးတွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါ ပျောက်ဆေးသည် အများပြည်သူ သောက်သုံးရန်မသင့်ကြောင့် နေ့စဉ်ထုတ် သင်းစာများတွင် အသိပေးကြော်ငြာထားပြီး ဖြစ်သော်လည်း အများပြည်သူ၏ ကျန်းမာရေးကိုရှေးရှု၍ ယနေ့တိုင်စျေးကွက်များတွင် ရောင်းချနေခြင်းများမရှိရအောင် လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)