တိုက်ကြီးမြို့နယ်တွင် Mask Campaign ဆောင်ရွက်
May 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများနေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း(Mask Campaign)ကို ယနေ့နံနက် ၇ နာရီက ဈေးရပ်ကွက် မြို့လယ်ဘုရားလေးလမ်း၌ ပြုလုပ်ခဲ့သည်။