ကျောက်ကြီး မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွာရေးဘဏ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားဦးရေ(၁၁၀၀)ကျော်ခန့်ရှိရာ ယနေ့၌ နိုင်ငံဝန်ထမ်းအငြိမ်းစား(၃၀၀)ကျော်ခန့်အား ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသူများအား နောက်ရက် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးဇော်မင်းထံမှ သိရသည်။
ပင်စင်လစာများ ထုတ်ပေးနေစဉ်အတွင်း ကျောက်ကြီးမြို့နယ် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား သက်တောင့်သက်သာနားနေနိုင်ရန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးထားပြီး ပင်စင်လစာငွေများထုတ်ယူနိုင်ရေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)