သတင်းများ

နောင်ချိုမြို့နယ်၌ တောင်သူများအားမိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးလျက်ရှိ
May 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင်  ကျောင်းအပ်နှံရေး (သီတင်းပတ်)ဆိုင်းဘုတ် စိုက်ထူ
May 20,2022
၂၀၂၂ -၂၀၂၃  ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက် ၉နာရီခွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း၌ စိုက်ထူခဲ့သည်။
မိုင်းဆတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
May 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူတို့က မြို့မဈေးအတွင်း လိုက်လံစစ်ဆေးခဲ့ကြသည်။
လားရှိုးတက္ကသိုလ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင်ကျင်းပရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၂၂၇၀၇ ဦးထိုးပေးနိုင်ပြီဖြစ်
May 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေမှာ ယနေ့နံနက်ပိုင်းအချိန်ထိ ၅၂၂၇၀၇ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ကော့သောင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူ
May 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗွီနိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့၏အချက်အခြာနေရာပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၊ လှိုင်​မြင့်မိုရ်လမ်းသွယ်တွင် ရေမြောင်းရှင်းလင်းခြင်းများဆောင်ရွက်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီက လှိုင်မြို့နယ် ​(၁၀)ရပ်ကွက်၊လှိုင်​မြင့်မိုရ်လမ်းသွယ်တွင် ရေတင်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊‌‌ ရေစီး‌ရေလာဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်း‌ရေးနှင့်သန့်ရှင်း‌ရေးဌာမှ ဝန်ထမ်းများက ရေမြောင်းများရှင်းလင်းခြင်းနှင့်စင်္ကြံဘေး မြက်ရိုင်းပင်များ ရှင်းလင်းခြင်းအား သန့်ရှင်းရေးအဖွဲ့မှဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် လွယ်ကြူအုပ်စုရှိ မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
May 20,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့  ၁၀ နာရီအချိန်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးခဲ့ပါသည်။