ကော့သောင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူ

ကော့သောင်း မေ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗွီနိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့၏အချက်အခြာနေရာပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ စိုက်ထူခဲ့ကြောင်း သိရသည်။

ဆိုင်းဘုတ်စိုက်ထူရာတွင် ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးနှင့် ဆရာ၊ ဆရာများတက်ရောက်ခဲ့ကြပြီးလာမည့် ဇွန်လအတွင်း မြို့နယ်တစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများအားလုံးဖွင့်လှစ်ကြမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်နှံ နိုင်ကြစေရန် လှုံ့ဆော်အသိပေးခြင်းဖြစ်ပြီး မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ ဇွန်လ၂ရက်နေ့တွင် မြို့နယ်တစ်ဝှမ်းရှိမူလတန်အဆင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းများစ တင်ဖွင့်လှစ်ချိန်တွင် လာရောက်ကျောင်းအပ်နှံကြမည့် ကျောင်းသား/ကျောင်းသူများအား အတန်းအလိုက်ကျောင်းသုံးပုံနှိပ်များ၊  စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ဗလာစာအုပ်များကို အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)