သတင်းများ

သမိုင်းဝင်ကောင်းမှုလုံစေတီတော်၊ ရွှေစည်းခုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးများအား ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာကျင်းပ
May 19,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ သမိုင်းဝင်ကောင်းမှုလုံစေတီတော်၊ ရွှေစည်းခုံစေတီတော်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးများအား ယနေ့နံနက် ၈ နာရီမှစတင်၍ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာ ကျင်းပခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေး ဗီနိုင်းပိုစတာကို ယနေ့ နံနက် ၉ နာရီအချိန်က မအူပင်မြို့ ရေလဲလမ်းမကြီး ဗိုလ်ချုပ်ကြေးရုပ်အနီး၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသခံတောင်သူများအား မိုးစပါးချေးငွေများ ထုတ်ချေးပေး
May 19,2022
မိုးရာသီကာလ၌ တောင်သူလယ်သမားဦးကြီးများအနေဖြင့် မိုးစပါးများပျိုးထောင်စိုက်ပျိုးရန် စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံတစ်ဝန်းရှိ တောင်သူများအား မိုးစပါးအျားအား အဆင်ပြေစွာ ပျိုးထောင်စိုက်ပျိုး နိုင်စေရေး မျိုးစရိတ် ပျိုးထောင်စိုက်ပျိုးစရိတ်များနှင့် ဓာတ်မြေဩဇာထည့်သွင်းသုံးစွဲမှုများအား အဆင်ပြေစွာ အသုံးပြုနိုင်စေရေးအတွက် မိုးစပါးချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်များ၌ ထုတ်ယူချေးပေးလျက်ရှိကြောင်း သိရသည်။
ဘားအံခရိုင် Community Centre တွင် Book Club ၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
May 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း BookClub၊ Youth Club အဖွဲ့ဝင်များဖြင့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “ အရည်အချင်းဆီသို့”  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်ပထမနှစ် (ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြပညာရေးဒီဂရီကောလိပ် ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပညာရေးဒီဂရီကောလိပ်ရှိ ပညာသီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်ရေး အသိပေးပိုစတာဗွီနိုင်းများ ချိတ်ဆွဲနိူးဆော်
May 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်းရေး သီတင်းပတ်ပညာပေး ပိုစတာဗွီနိုင်း တင်ပွဲအား ယနေ့ နံနက် (၇:၃၀) အချိန်က မြို့နယ် ၊မြို့နယ်ပညာ​ရေးမှုးရုံး၌ ကျင်းရာအဆိုပါပိုစတာတင်ပွဲသို့ မြို့နယ်ပညာ​ရေးမှုး၊ မြို့နယ်တွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မှုလတန်း​ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း​ကျောင်းများမှ​ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အ​ခြေခံပညာ​ရေးဝန်ထမ်းများ စုစုပေါင်း (၉၀) ဦး တက်​ရောက်ခဲ့ကြပါသည်။
အုတ်တွင်းမြို့နယ်၌ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲ အချိန်က မြို့တွင်းလမ်းဆုံ ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့် ဘုရားအနီး မီးပွိုင့်နေရာတွင် ကျောင်းနေအရွယ်ကလေး အားလုံးပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသောမြေစိုက်ပိုစတာ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြကြောင်းသိရသည်။