သတင်းများ

ပြင်ဦးလွင်မြို့တွင်   အသက်( ၈၅ ) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ  
Jun 07,2022
မန္တလေးတိုင်းဒေသကြီး ၊  ပြင်ဉီးလွင်မြို့တွင်  အသက် ( ၈၅ ) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက  ရပ်ကွက်ကြီး(၆)ရှိ စုပေါင်းရုံး ခန်းမဆောင်၌ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ်အလိုက်တာဝန်ခံများ တက်ရောက်ကြသည်။
သန်လျင်မြို့နယ်၌ မိုဘိုင်းစနစ်ဖြင့်စာအုပ်များဌားရမ်းပေး
Jun 07,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်)အနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဆန်နှင့်အခြားသီးနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jun 07,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်  ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများ အတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့
Jun 07,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနမှ KNU/KNLA(PC) ဌာနချုပ်ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆောင်ရွက်
Jun 07,2022
ခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍
ရွှေကျင်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့နယ်တွင် သက်မွေးပညာရပ် ဂဟေဆက်နည်း သင်တန်းဖွင့်လှစ်
Jun 07,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီး ပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဂဟေဆက်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ဘားအံ)ခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Jun 07,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့် အထက(၄)ကျောင်းလမ်း (မြို့ပတ်လမ်း)တို့ကို ချိတ်ဆက်သော အရှည် ၁၃၄၇ ပေ၊ အကျယ် ပေ(၅၀) မြေသားလမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့်တာဝန်ရှိသူများက မြေသားလမ်းသစ်ဖောက်လုပ်ပြီးစီးမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားကာ အဆိုပါလမ်းကို ၂၄ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။