သတင်းများ

တောင်ငူ၌ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင် ဘွဲ့ကြို(ပထမနှစ်) စတင် ဖွင့်လှစ်
May 12,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ် (တောင်ငူ) နှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) တို့တွင် ယနေ့ နံနက်ပိုင်းက ဘွဲ့ကြို (ပထမနှစ်) စတင်ဖွင့်လှစ်ကာ တက်ရောက်ကြသည့် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများက ဦးဆောင်၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းနီလမ်းနှင့် ထင်းရှူးလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စိန်ပန်းနီလမ်းနှင့် ထင်းရှူးလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အဆိုပါ လမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ ကျန်းမာရေးဌာနနှင့် အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးစီမံချက်တို့ ပူးပေါင်း၍ UNOPS / GFRAI3E တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေး စီမံကိန်းအသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မကွေးပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား/သူ (၁၄၈)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိ
May 12,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား မေလ ၁၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေး ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား/သူ(၁၄၈)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ပဲခူးခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေးနှင့် GENDER, CEDAW, NASPW, UNSCR 1325 အသိပညာပေး အစီအစဉ် ဆောင်ရွက်
May 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင် ခရိုင်အမျိုးသမီး‌‌ကော်မတီ ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ထန်းတပင်မြို့နယ်၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
May 12,2022
အနာဂတ် ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတတ်ပညာ အသိပညာများ ပြည့်စုံလာစေရန် ရည်ရွယ်၍ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ်ပိုင်းက မူလတန်းအဆင့်‌ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
တောင်ကြီးမြို့ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များပြန်လည်ဖွင့်လှစ်
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား ယနေ့နံနက်ပိုင်းမှစတင်၍ ပညာသင်နှစ်အလိုက် အတန်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
ရေးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်းကျေးရွာများ​ ရွေးချယ်​ရေး အစည်းအ​ဝေးကျင်းပ
May 12,2022
မွန်ပြည်နယ် ​ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် VDP စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုခဲ့လုပ်သည်။