သတင်းများ

မိုင်း‌ငေါ့မြို့တွင် မိုးသီးနှံစံပြကွက်စိုက်ပျိုးမည့်  တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲနှင့် စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးကွင်းဆင်းကြည့်ရှုစစ်ဆေး
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးမြို့နယ်အတွင်းရှိ  ကျေးရွာစာကြည့်တိုက်များ  ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့  နံနက်ပိုင်းအချိန်က   လားရှိုးခရိုင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊      ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်အိအိသိမ့်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
May 12,2022
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့ နံနက် ၁၀:၀၀ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူ စုစုပေါင်း( ၉၆ )ဦးကို တာဝန်ရှိသူများလက်ခံ
May 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှလွဲပြောင်းပေးလာသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့်ပြစ်ဒဏ်မှလွတ်မြောက်လာသူ စုစုပေါင်း(၉၆)ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြသည်။
ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
May 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေ ၁၈ ရက်က  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပကြောင်း သိရသည်။
မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး အသိပညာ​​ပေး ဟော​ပြောပွဲကျင်းပ
May 12,2022
သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေဝန်ကြီးဌာန၊ ပြည်​ထောင်စုနယ်​မြေ၊ နေပြည်​တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူး​ပေါင်း၍ ​ခေတ်မီစံပြ​ကျေးရွာထူ​ထောင်​ရေးစီမံကိန်း ဆောင်ရွက်လျက်ရှိသော  ရှား​တော​ကျေးရွာအုပ်စု၊ ဂွေးပင်စံပြ​ကျေးရွာတွင် လူမှုကာကွယ်ရေးအစီအစဉ်အရ  ကျေးရွာနေပြည်သူများ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးဆိုင်ရာ အသိပညာများရရှိစေရန် မီး​ဘေးအန္တရာယ်ကာ ကွယ်​ရေး​ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ​အဆိုပါကျေးရွာရှိ ဘုန်း​တော်ကြီး​ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
တာချီလိတ်မြို့ စံလင်းဖြိုးကိုဗစ်(စင်တာ)မှလာအိုနိုင်ငံ နေရပ်ပြန်အလုပ်သမား (၁၈၁)ဦးကို နေရပ်သို့ပြန်လည်ပို့ဆောင်
May 12,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားအမျိုးသား အမျိုးသမီးစုစုပေါင်း(၁၈၁)ကိုယမန်နေ့ နေ့လည် ၁၂ နာရီအချိန်၌ မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌  ၂၀၂၂-၂၀၂၃  ဒေသန္တရစီမံကိန်းရည်မှန်းချက်   တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  ခရိုင်/ မြို့နယ် စုပေါင်းရုံးခန်းမ၌ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။