မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ဆက်လက်ကွင်းဆင်းစစ်ဆေး

ငပုတော ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အေးချမ်းပျော်ရွင်စွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးသူရကျော်တို့သည် ယမန့်နေ့လည်တွင် ဆက်လက်၍ ကွင်းဆင်း​ကြည့်ရှုခဲ့သည်။

ထို့သို့ ကွင်းဆင်းကြည့်ရှု့ရာတွင် ငပုတောမြို့နယ်အတွင်းရှိ ကညင်ငူအုပ်စု ကညင်ငူ​ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ကျောက်တံခါး ကျေးရွာအုပ်စု ကျောက်တံခါးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကန်ချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ သဇင်ကျွန်းကျေးရွာအုပ်စု သဇင်ကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျားဘိုကုန်းကျေးရွာအုပ်စုကျားဘိုကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) သို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောင်းစာသင်ဆောင်များအတွင်း လှည့်လည်ကြည့်ရှုကာ စာသင်ဆောင်များ၊ စာသင်ခုံများထားရှိမှုနှင့် သောက်သုံးရေရရှိမှူ အ​ခြေအနေကိုလည်ကောင်း ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သွေးလွန်တုတ်ကွေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရေး မှာကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူဆရာဆရာမမှ ​ကျောင်း၏ လိုအပ်ချက်များကို ပြန်လည်တင်ပြလာမှူ အပေါ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတောပြန်/ဆက်)