မင်္ဂလာဒုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
Jun 22,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ဟူသော ဆောင်ပုဒ်နှင့်အညီ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိနားလည်စေပြီး ဝေးဝေးကရှောင်ရှားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (အခမဲ့) ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နံနက် (၁၁)နာရီအချိန် က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။