သတင်းများ

ကလောမြို့နယ်၌ (မိုး)နေကြာသီးနှံစံကွက် ရိတ်သိမ်း
Sep 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသည့် ဆင်းရွှေကြာ ၂၊ (မိုး) နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကွင်းအမှတ်(၈-က)၊ ကွင်းအမည်- နွားပြာကွင်း၊ ဦးပိုင်အမှတ် (၄၁)၊ ဧရိယာ(၁.၆၁)ဧကရှိ စိုက်ခင်းမှ စံကွက်အရွယ်အစား (၀.၁၀)ဧက၊ (သင့်) ကိုယ်စားပြုစံကွက်ကို တောင်သူဦးအောင်ပြူး၏ စိုက်ခင်းတွင် ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဇေယျာသီရိမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Sep 01,2022
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဇေယျာသီရိမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန့်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာရှိ ကွင်းအမှတ် ၁၆၁၉ ကွင်း၌တွေ့ဆုံခဲ့သည်။
နမ့်ခမ်းမြို့၌ တအာင်းတိုင်းရင်းသားစာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပ
Sep 01,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် သြဂုတ်လ(၃၀)ရက်နေ့ ကျရောက်ခဲ့သည့် တအာင်းတိုင်းရင်းသား စာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန် အမှတ်(၁၃) ရပ်ကွက်၊ သာယာကုန်းရပ်ကွက်ရှိ နမ့်ခမ်းမြို့ တအာင်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Sep 01,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ ပေးနေလျက်ရှိရာ ယမန်နေ့က မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။
ထန်းတပင်မြို့နယ်၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်)အပ်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Aug 31,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ပူးပေါင်း၍ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်​​မြင့်)အပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
သာကေတမြို့နယ်တွင် စျေးနှုန်းသက်သာ စွာဖြင့်စာသုံးဆီများရောင်းချပေး
Aug 31,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများ စားသုံးဆီကိုစျေးနှုန်း သက်သာစွာဖြင့် ၀ယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီမံဆောင်ရွက်သည့် အစီအစဉ်ဖြင့် Six Winner Brothers Oil Co.Ltd မှ တာ၀န်ခံနှင့် အဖွဲ့ဝင်များသည် စာသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့အရောက် စျေးကားဖြင့် ရပ်ကွက်(၁၉)အလိုက် ကွင်းဆင်းလှည့်လည်၍ သက်သာသောနှုန်းထားတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီမှစတင်ကာ ပြည်သူ(၁)ဦးလျှင် စားအုန်းဆီ (၁)ပိဿာကိုငွေကျပ် (၅၁၀၀/-)နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဇင်္ဂမလမ်းမကြီး၌ ရောင်းချပေးလျက်ရှိသည်။
လွိုင်ကော်မြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်
Aug 31,2022
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သော မြစ်ရေကြီးခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီဆောင်ရွက်နိုင်ရန်အတွက် ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ နောင်ယားကန်သာ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရေးပေါ် သဘာဝတုံ့ပြန်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
တွံတေးမြို့အ.မ.က(မူလွန်)ကွမ်းခြံအရှေ့၌ စာဖတ်ရှိန်မြှင့်မားလာစေရေး စာသင်ကျောင်းအရောက် ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Aug 31,2022
ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကလေးငယ်များ စာ​​ပေကိုပိုမို တန်ဖိုးထားတတ်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊​​ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ စာသင်ကျောင်းများသို့ အရောက်သွားရောက်၍