တွံတေးမြို့အ.မ.က(မူလွန်)ကွမ်းခြံအရှေ့၌ စာဖတ်ရှိန်မြှင့်မားလာစေရေး စာသင်ကျောင်းအရောက် ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

တွံတေး ဩဂုတ် ၃၁

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကလေးငယ်များ စာ​​ပေကိုပိုမို တန်ဖိုးထားတတ်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊​​ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ စာသင်ကျောင်းများသို့ အရောက်သွားရောက်၍ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်း ဖတ်ရှုနိုင်ရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် (Mobile Library)အား ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(မူလွန်)ကွမ်းခြံအရှေ့သို့  ကလေးဖတ်သုတ၊ ရသစာအုပ်စာစောင်မျိုးစုံကို သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ 

အ.မ.က(မူလွန်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများစာပေကို အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် စာအုပ်များငှားရမ်းပေးရာ၌ ရုပ်ပြနှင့်အသိပညာ ဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တတစ်ပတ်လျှင်(တစ်ကြိမ်)လဲလှယ်သည့်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးကာ ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စကားပုံစာအုပ်များ၊ မိုးသောက်ပန်းဂျာနယ်များ၊ စာစောင်များရွှေသွေးဂျာနယ်များစသည့် ကလေးများ အသိပညာ၊ ဗဟုသုတတိုးပွားရေး စာအုပ်စာပေများကို ဖတ်ရှုလေ့လာကြပြီး ကျောင်းသား၊ ကျောင်းသူများက စာအုပ်၊ စာစောင်များဌားရမ်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တွံတေးသား