သာကေတမြို့နယ်တွင် စျေးနှုန်းသက်သာ စွာဖြင့်စာသုံးဆီများရောင်းချပေး

သာကေတ    သြဂုတ်  ၃၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများ စားသုံးဆီကိုစျေးနှုန်း သက်သာစွာဖြင့် ၀ယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီမံဆောင်ရွက်သည့် အစီအစဉ်ဖြင့် Six Winner Brothers Oil Co.Ltd မှ တာ၀န်ခံနှင့် အဖွဲ့ဝင်များသည် စာသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့အရောက် စျေးကားဖြင့် ရပ်ကွက်(၁၉)အလိုက် ကွင်းဆင်းလှည့်လည်၍ သက်သာသောနှုန်းထားတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ()နာရီမှစတင်ကာ  ပြည်သူ()ဦးလျှင် စားအုန်းဆီ ()ပိဿာကိုငွေကျပ် (၅၁၀၀/-)နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဇင်္ဂမလမ်းမကြီး၌ ရောင်းချပေးလျက်ရှိသည်။

ယင်းသို့စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် ပြည်သူများအား ()ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ သာကေတမြို့နယ်အတွင်းရှိ မိဘပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် လက်ဝယ်အရောက် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)