သတင်းများ

မယ်စဲ့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အထက(မယ်စဲ့) စာစစ်ဌာနအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 06,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က(မယ်စဲ့) စာစစ်ဌာန ဖွင့်လှစ်၍ ဖြေဆိုကျင်းပမည်ဖြစ်ရာ စာဖြေဌာနတွင် မီးဘေးလုံခြုံရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် Community Centre ခန်းမ၌ အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်
Mar 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်ခဲ့သည်။
တပေါင်းလပြည့်‌နေ့တွင် ရွှေသင်္ကန်း၊ ပန်း၊ ဆီမီး၊ အလှူတော်ငွေ ဆက်ကပ်လှူဒါန်းကြသူများဖြင့် စည်ကား
Mar 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ဟံသာမုနိဘုရားကြီးကျောင်း၌ ရွှေသင်္ကန်း၊ ပန်း၊ ဆီမီး၊ အလှူတော်ငွေ ဆက်ကပ်လှူဒါန်းမှုများဖြင့် တပေါင်းလပြည့်နေ့တွင် စည်ကားလျက်ရှိသည်။
ဂွမြို့ သိမ်ကုန်းစေတီတော်မြတ်ကြီးတွင် မဟာသံဃိတဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Mar 06,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ သိမ်ကုန်းစေတီတော်မြတ်ကြီးတွင် (တပေါင်းလပြည့်နေ့) ညနေပိုင်းက မဟာသံဃိတဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။
ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့ကမ်းခြေ၌ ကျင်းပ
Mar 06,2023
ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့ ပွိုင့်ကမ်းခြေကမ်းခြေ၌ ယမန်နေ့ (တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းမှ စတင်ပြီးကျင်းပကြသည်။
လဲချားတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးဆောင်ရွက်
Mar 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
မင်းလှမြို့တွင်အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ တိုးချဲ့ဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း‌ ကျော်ဆေင်ရွက်ပြီးစီး
Mar 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေခွင့်ပြုငွေ (၉၉.၉၀၀)သန်းဖြင့် ဆောင်ရွက်သည် တိုးချဲ့ကျောင်းဆောင်သစ်(၁) ထပ်ဆောင်လုပ်ခြင်းလုပ်ငန်းမှာ ၅၀ ရာခိုင်နူန်း ကျော်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းရယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်အခန်းများ ပြင်ဆင်ထားမှုစစ်ဆေး
Mar 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအခန်းများ ပြင်ဆင်ထားမှုကို စစ်ဆေးခဲ့သည်။