ကျောက်ကြီး မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အိအိမွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမြို့နယ် အားကစားမှူး ဦးထိန်လင်းကျော်က သင်တန်းပူးပေါင်း ဖွင့်လှစ်ရခြင်းနှင့် မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားမှာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အေရိုးဗစ်အကနည်းပြ ဆရာမ ဒေါ်ဖြူဖွေးသန့်က အေရိုးဗစ် အကပညာသည် အားကစားတစ်ရပ်တွင်မကဘဲ ကျန်းမာရေးအတွက်ပါ လေ့ကျင့်ပြုလုပ်သင့်ကြောင်း ပြောကြားသည်။
ထို့နောက်ကျောက်ကြီးမြို့ Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံအေရိုးဗစ်သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းသူ(၅၀)ဦးအား (၁၀)ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျွမ်းကျင်စွာ ကိုယ်လက်လှုပ်ရှားနိုင်ရေး လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်