ကလေးမြို့‌ တောင်ဇလပ်ရပ်ကွက်တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ကလေး ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ() အမှတ်()လမ်းရှိ အိမ်အမှတ် (၂၁၈) လူနေအိမ်တစ်လုံးမှာ  ယနေ့နံနက်ပိုင်း ၁၁ နာရီ မိနစ်အချိန်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုအရ မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း ကလေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ ကလေးခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုဌေးတို့ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (+၂၀)ဦးတို့သည် မီးငြှိမ်းသတ်ရေယာဉ်()စီး၊ မီးသတ်ရေသယ်ယာဉ်()စီးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၃၇ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုအကြောင်းအရင်းမှာ  တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ() အမှတ်()လမ်းရှိ အိမ်အမှတ် (၂၁၈)တွင် နေထိုင်သော ဦးခင်ရွှေ (၈၂)နှစ်၏ အိပ်ခန်းအတွင်းရှိ အဲယားကွန်းမီးဖြတ်စက်အပူလွန်ကဲရာမှ       (၃၀"၃၀")ပေ RC နှစ်ထပ်တိုက်()လုံး၊  မီးလောင်ကျွမ်းခဲ့ပြီး တရားခံဦးတင်ရွှေအား အမှုဖွင့်အရေးယူနိုင်ရေး မြို့မရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)