သတင်းများ

ငါန်းဇွန်မြို့၌ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 19,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့မစည်ပင်သာယာဈေးအတွင်း/ အပြင်ပတ်ဝန်းကျင်တွင်လည်း ကောင်း၊ မြို့မရဲစခန်းရှေ့ လမ်းဆုံတွင်လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၇နာရီက မန္တလေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ပထမ)အကြိမ် အင်းလေလံနှင့် ငါးဖမ်းကွက်များ တင်ဒါရောင်းချပွဲအခမ်းအနား ကျင်းပ
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ပထမ) အကြိမ် အင်းလေလံနှင့် ငါးဖမ်းကွက်များ တင်ဒါရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်ထားသည့် ဘောလုံးသင်တန်းသို့ လူမှုရေးရာဝန်ကြီးလာရောက်ကြည့်ရှု
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဘောလုံးသင်တန်းဖွင့်လှစ်လျက်ရှိသော မြို့နယ်အားကစားကွင်းသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေးက ယနေ့မနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ
May 19,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး‌ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လည်(၁)နာရီက ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်၌  ကလေးအားလုံးကျောင်းအပ်နှံရေး လက်ကမ်းစာစောင်ဖြန့်ဝေ
May 19,2026
‎မန္တလေးတိုင်းဒေသကြီး မဟာ‌အောင်မြေမြို့နယ်၌ မန္တလေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မန်းမြို့ဈေးအနီး ဖြန့်ဝေသည်။
မြန်အောင်မြို့နယ် ကညင်ငူ-ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတားအနီး ကမ်းပြိုကမ်းစား ကာကွယ်ရေး ကွင်းဆင်းကြည့်ရှု
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကညင်ငူ-ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတားအနီး ကမ်းပြိုကမ်းစားကာကွယ်ရေးအတွက် ယမန်နေ့နံနက်က လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီစည်းဝေး၊ အမှုဆောင်သစ်ရွေးချယ် တင်မြှောက် 
May 19,2026
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးကျင်းပခြင်း၊ အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ခြင်းနှင့် စတုတ္ထအကြိမ်ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပသည်။
ညောင်တုန်းမြို့နယ်၌ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော" လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း "စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။