သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ် ခြင်းအခမ်းအနား
Oct 23,2025
နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့်ဌာန ဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြု လုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓာတ်အား ပို့လွှတ်‌ရေးနှင့်ကွပ်ကဲ‌ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံထောက်ပံ့
Oct 23,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများ နှင့်အတူ  ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဝိုင်းမော်ပင်မ ဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်းမှူးရုံးရှိ ဝန်ထမ်းများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော် မြို့နယ် မိုင်းနားကျေးရွာရှိ အဆိုပါ ဓာတ်အားခွဲရုံရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေး ထောက်ပံ့ ခဲ့သည်။
လားရှိုးမြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 23,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့၌ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲ တော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အ.ထ.က(ဟိုက်ဖတ်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲဆောင်ရွက်
Oct 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီခွဲက ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ "ဆေးလိပ်ငွေ့ကင်းစင် ပင်းတယတစ်ခွင်" မြေစိုက်ပိုစတာ စိုက်ထူပွဲနှင့်ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများဖော်ဆောင်ရေး ဆွေး‌နွေးပွဲအခမ်း အနားကျင်းပ
Oct 23,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေများ ဖော်ဆောင် ရေးအတွက်" ဆေးလိပ်ငွေ့ ကင်းစင် ပင်းတယတစ်ခွင်’’ ဆိုင်းဘုတ်ပိုစတာ စိုက်ထူပွဲအားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆိုင်း ဘုတ်အား ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင် မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။‎
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ (ဖိုရမ်)သို့ တက်ရောက်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်
Oct 23,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ကျင်းပသော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)ကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်ကိုလော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်း သရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြသည်။
ရေတာရှည်မြို့နယ်၌ မိုးစပါးစံပြစိုက်ကွက်ရိတ်သိမ်း
Oct 23,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု ခင်တန်းကြီးကျေးရွာ ကွင်းအမှတ် ၆၆၂(က)၊ ကွင်းအမည် ရွှေကြက်ယက် တောင်ကွင်း၊ ဦးပိုင်အမှတ် ၆၈ ကွင်းတွင် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်သူ ဦးကျော်မင်းထွန်း လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့သည်။
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တာချီလိတ်မြို့အား ကွင်းဆင်းစစ်ဆေး
Oct 23,2025
တာချီလိတ်မြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့(Mae Sai)နှင့် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးအပြင် ခရီးသွားလာရေး တိုးတက်နေသည့်မြို့ဖြစ်၍ ယခုအခါ ၂၀၂၆ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။