သတင်းများ

စလင်းမြို့နယ် ဘီးဇပ်ကျေးရွာအုပ်စု၊ ကြူဝန်းကျေးရွာ မူလတန်းလွန်ကျောင်း၊ ကျောင်းဆောင် သစ် (RCC)(၂) ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ
Dec 09,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဘီးဇပ်ကျေးရွာအုပ်စု၊ ကြူဝန်းကျေးရွာ အခြေခံပညာဦးစီးဌာနမှ မူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာ မူလတန်းလွန်ကျောင်း (RCC)(၂)ထပ် ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်းကျေးရွာချင်း ဆက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 09,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-ကုက္ကိုစမ်း ညံတောအင်းကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသအတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို သမဝါယမနှင့်ကျေးလက်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် ရရှိသည့် ပျားရည်နှင့် ပျားသလက်များရောင်းချ
Dec 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အနီးပတ်ဝန်းကျင်တွင် ရရှိသည့် ပျားသလက်များကို လားရှိုးမြို့ဈေးများတွင် ရောင်းချကြကြောင်း သိရသည်။ ပျားသလက်ရောင်းဈေးမှာ လက်ဖက်ရည် ခွက်တစ်ခွက်လျှင် နှစ်ထောင်ကျပ်ဈေးရှိပြီး ပျားရည် တစ်ထုပ်လျှင် တစ်သောင်းနှစ်ထောင် ကျပ်ဈေးဖြင့် ရောင်းချကြကြောင်း သိရသည်။
လားရှိုးမြို့တွင် ဝါးဖြင့်ပြုလုပ်သည့် ဝါးထိုင်ခုံများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ်လုပ်ကိုင်
Dec 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဝါးဖြင့်ပြုလုပ်သည့် ဝါးလက်မှုရိုးရာ ထိုင်ခုံများကို မိသားစုစီးပွားရေးအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြကြောင်း သိရသည်။
ပေါင်းတည်၌ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြော
Dec 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြောပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (မြို့မ) တွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဘွဲရမောင်/မယ်များအား ဩဝါဒစကား မြွက်ကြား
Dec 09,2023
မကွေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်၍ မကွေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပလျက်ရှိပြီး မကွေးတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဘွဲရမောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဩဝါဒစကား မြွက်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ နှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များ တက်ရောက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်၊ မြို့မအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ
Dec 09,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 09,2023
 မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက   အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငယ်ရှိ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊   စာရေးဆရာများ၊  ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။