သတင်းများ

မြစ်သားမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အမိုးလန်ပျက်စီးသွားသည့် ကျေးရွာ(၅)ရွာမှ၊ အိမ်ထောင်စု(၁၁)စုအား ထောက်ပံ့ငွေများ ပေးအပ်
May 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အမိုးလန် ပျက်စီးသွားသည့် အိမ်ထောင်စု(၁၁)စုအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  Mask Campaign လုပ်ငန်းဆောင်ရွက်
May 05,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာ နိုင်ရေးအတွက် Mask များ အခမဲ့ဝေငှကာ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာ အရပ်ဖြစ်သော စျေး(၂)ရပ်ကွက်၊ ဘုရားကြီးလမ်း၌ ကျင်းပ ပြုလုပ်သည်။
ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဥာဏဂိမ်းကစားပြိုင်ပွဲ ဆောင်ရွက်
May 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဥာဏဂိမ်းကစားပြိုင်ပွဲအား ယနေ့ နေ့လယ် (၁:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ထပ်‌ဆောင်းကာကွယ်ဆေး (Booster Sinopharm) ကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စတုထ္တအကြိမ် ထပ်မံထိုးနှံပေး
May 05,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြိုနယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုစာရေးများအား  မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ထပ်‌ဆောင်းကာကွယ်ဆေး(Booster Sinopharm) ကို စတုထ္တအကြိမ် ထပ်မံထိုးနှံပေးလျက် ရှိသည်။
သဲကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
May 05,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့တွင် ဌာနဆိုင်ရာများ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
May 05,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre )၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
May 05,2023
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက် မြင့်မားလာစေရန်အတွက်  စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့၊ ညနေ ၃ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြု ဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်သည်။
မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
May 05,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။