ဆင်ပေါင်ဝဲမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးခန်းမတို့တွင် ယနေ့ နံနက် ၁၁ နာရီအချိန်က အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင် ထက်/လယ်/မူ အဆင့် ကျောင်းသား/ကျောင်းသူ (၃၂)ဦး၊ ကဗျာပြိုင်ပွဲတွင် လယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄) ဦးတို့က လွတ်လပ်ရေး၏ အနှစ်သာရခေါင်းစဥ်ဖြင့် စုစုပေါင်း (၃၆) ဦးဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် (၃) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)