မြို့သစ်မြို့နယ်တွင် (Biometric)အချက်အလက် စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

မြို့သစ် ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန်လ ၂၃ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးတည်ဌာနဆိုင်ရာရုံးများအလိုက် နိုင်ငံ့ဝန်ထမ်းများနှင့် ၄င်းတို့၏အသက်(၁၀)နှစ်နှင့်အထက် မိသားစုဝင်များအား (Biometric)အချက်အလက်များကောက်ယူခြင်း၊ နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် ထည့်သွင်းသိမ်းဆည်းခဲ့သည်။

ထို့နောက် ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)