သတင်းများ

မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပါပွန်းကျေးရွာအုပ်စု၊‌ ဟွေဖယ်ကျေးရွာ၊ ဘုရားရှိခိုးကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း တရားစီရင်ရေးဆိုင် ရာကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့များအား တွေ့ဆုံပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ဥပဒေချုပ်၊ ဥပဒေအရာရှိများနှင့် တွေ့ဆုံပွဲအခမ်းအနားများ တက်ရောက်
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အတွင်းရှိ ကန့်ဘလူခရိုင်၊ ရေဦးခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်တို့မှ ခရိုင်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တရားသူကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာမှ စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ  ၆၅၆ ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၆၅၆)ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာများတွင် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  သိရသည်။
မိုင်းတုံမြို့ရှိ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲ ကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲကို ယမန်​​နေ့နံနက် (၁၁:၀၀)နာရီအချိန်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုစုပေါင်း(၁၅၃)ဦး တက်ရောက်ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် မိုးရာသီ မန်ကျည်းနှင့် ကျွန်း ၁၀၂ ပင် စိုက်ပျိုး
Jun 28,2023
ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီ မန်ကျည်းနှင့် ကျွန်းပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ဆောင်ရွက်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မအူပင်ခရိုင်တွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကျင်းပ
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကို ယနေ့ညနေ (၃)နာရီက ကျင်းပပြုလုပ်သည်။
မင်းဘူး(စကု)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲများ ကျင်းပ
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်စကားဝိုင်း၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၆ ရက်က မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမနှင့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။