Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ ဂျိုးဖြူဆန်စက်အား ကြည့်ရှုစစ်ဆေး
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့နယ် ကမ်းနီကျေးရွာအတွင်းရှိ ဂျိုးဖြူဆန်စက်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းဝေးနှင့် ၂၀၂၂-စ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဇူလိုင်လ (၂၂) ရက်နေ့ နေ့လည်(၁၂)နာရီ (၃၀)မိနစ်အချိန်က ငါးသိုင်းချောင်းမြို့ (အ-ထ-က )ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ သာသနာ့ဟိတကာရီသီလရှင်စာသင်တိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၈)ရှိ သာသနာ့ဟိတကာရီသီလရှင် စာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ကြက်ခြေနီမှ ထောက်ပံ့ ပစ္စည်းများ ပေးအပ်
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စုထံ ထောက်ပံ့ပစ္စည်းများအား ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က အိမ်တိုင်ရာအရောက် မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများအားရောင်းချပေးလျက်ရှိ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား မြို့နယ် ကုန်စျေးနှုန်းထိန်းညှိ လျော့ချရေးကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်က စတင်၍ ရောင်းချပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် မိုးစပါးစနစ်တကျစိုက်ပျိုးလာနိုင်စေရေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး
Jul 24,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုနှင့် အစိုးရရပ်ကွက်ရှိ ထောင်ပိုင်ကွင်းဧရိယာ၌ ကျင်းပပြုလုပ်သည့် မိုးစပါးစနစ်တကျ စိုက်ပျိုးလာနိုင်စေရေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာများအသင်း၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်စာရေးဆရာများအသင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ အခြေခံပညာကျောင်းများနှင့် နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jul 24,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများနှင့် နေအိမ်များ၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့ပေါ်ပရဟိတအသင်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10346
Page
10347
Page
10348
Page
10349
Current page
10350
Page
10351
Page
10352
Page
10353
Page
10354
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department