သဲကုန်းမြို့နယ်တွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲကျင်းပ
Apr 26,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်၊ စိတ်၊ နှလုံးယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမတရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။