တောင်သာမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တောင်သာ ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အမှတ်(၆)ရပ်ကွက် မင်းစုအခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး မြို့နယ်သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသော စိုက်ပျိုးမည့်အပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား (၂၁၀)ဦးတို့က နှစ်ရှည်အရိပ်ရသစ်ပင် မယ်ဇလီ (၇၅)ပင်၊ ဗာဒံ (၇၅)ပင်၊ စိန်ပန်း (၇၅)ပင်၊  စုစုပေါင်း အပင်ရေ (၂၂၅)ကို သတ်မှတ်နေရာအသီးသီး၌ ပျော်ရွှင်စွာစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။     

ကျော်မျိုးနိုင်(တောင်သာ)