သတင်းများ

ပန်းဘဲတန်းမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 15,2025
ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အ.မ.က (၃ ) ပန်းဘဲတန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ(အမျိုးသား)ဘောလုံးပြိုင်ပွဲကျင်းပ
Jul 15,2025
၂၀၂၅  ခုနှစ်   ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား  ရပ်ကွက် / ကျေးရွာပေါင်းစုံမိုးရာသီ (အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီက  ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးတင်အောင်လွင်က ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအတွက် နိုင်ငံတော်၏ အနာဂတ်အားကစားလောက ဖွံ့ဖြိုးတိုးတက်ရမည်ဆိုသည့် နိုင်ငံအကျိုးပြုနိုင်မည့် အားကစားမောင်မယ်များ ပေါ်ထွက်လာရေး ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jul 15,2025
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်  (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ‌ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရေးနှင့် အတွေးအခေါ်ယူဆချက်များ မြင့်မားလာစေရေး ရည်ရွယ်လျက် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင်  အသိ ပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး အလေးထားဆောင်ရွက်
Jul 15,2025
တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိ စေရေးနှင့်စပ်လျဉ်း၍ စိစစ်ရေးလုပ်ငန်းအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်၁၄ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး အလေးထားဆောင်ရွက်နေပါကြောင်းပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး
Jul 15,2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ယမန်နေ့မွန်းလွဲ ၃ နာရီက ပဲခူးမြို့ အားကစားဥယာဥ်ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး ဘောလုံးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုများကို ကြည်ရှုအားပေးခဲ့သည်။
နတ်မောက်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြာပွဲ ကျင်းပ
Jul 15,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
 ၂၀၂၅ ခုနှစတိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်ယှဉ်ပြိုင်
Jul 15,2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်အားကစား ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)ဘားအံဇုန် တတိယပွဲစဉ်အဖြစ် ကရင်ပြည်နယ်ဘောလုံးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏  ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
မိုင်းပျဉ်းမြို့ အ.ထ.က(ခွဲ)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက  အဆိုပါကျောင်း နီလာခန်းမတွင် ဆောင်ရွက်ခဲ့သည်။