မြိတ်ခရိုင်အ.ထ.က (၇) တွင် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ
Jul 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ခရိုင်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၇) အခြေခံ ပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။