ကာလိမြို့တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပ

ကာလိ  ဇွန်  ၂၁

ဇွန်လ(၂၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီ ဥတုကောင်းမွန်မျှတစေရေးနှင့်သစ်တော သစ်ပင်များကို တန်ဖိုးထားတတ်စေရေးတို့အတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်း တပ်ဝန်းအတွင်း ကွန်ဟိန်းမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းသုအောင်၊ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်းမှ မိသားစုဝင်များ၊ အ.ထ.က ကာလိကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ကျွန်းပင်(၃၀၀)ပင်နှင့်ရေသင်းဝင်(၃၀၀)ပင် စုစုပေါင်း အပင်(၆၀၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်