Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Jul 01,2025
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးစီးကျင်းပသော သတင်းမီဒီယာဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ အမှတ်(၂၇)ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 01,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းရှိ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကျောက်ဆည်မြို့ မြန်မာအီလက်ထရောနစ် မဲပေးစက်များကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့်ငလျင်ဘေးသင့်ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်
Jul 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက် (၉) နာရီက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် (MEVM) ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ နိုင်ငံ့၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ဆက်လက်ထိုးနှံပေး
Jul 01,2025
အလုံမြို့နယ်၌ နိုင်ငံ့၀န်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်း လေ့ကျင့်ရေး သင်တန်းဖွင့်လှစ်
Jul 01,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် အရေးပေါ်အခြေအနေဖြစ်လာပါက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်း လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် အမှိုက်ပုံးများပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Jul 01,2025
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရန် လက်တွေ့သရုပ်ပြသခြင်းနှင့် အမှိုက်ပုံးများပေးအပ်ခြင်းကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယမန်နေ့နံနက်က ကျင်းပသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများအား ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ထွန်းအောင်က စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် အမှိုက်ပုံးများ အရောင်ခွဲခြားသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများက အမှိုက်စွန့်ပစ်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းခဲ့မှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲတီစိမ်းနှင့်ကုလားပဲ (၃၂၅၇၈) ဧက စိုက်ပျိုးခဲ့ပြီး (၃၅၉၈၂) တင်း ထွက်ရှိ
Jul 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ ထောပတ်ပဲနှင့် အခြားပဲမျိုး စုစုပေါင်း (၅၅၈၃၆) ဧက စိုက်ပျိုးခဲ့ပြီး (၃၅၉၈၂)တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အားကစားကွင်း၊ အားကစားရုံများနှင့်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jul 01,2025
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4083
Page
4084
Page
4085
Page
4086
Current page
4087
Page
4088
Page
4089
Page
4090
Page
4091
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department