သတင်းများ

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် နိုင်ငံသားစိစစ်ရေးကဒ် မရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Aug 11,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည့်စုံသော အခြေခံမဲဆန္ဒရှင် စာရင်း ရရှိစေရန်နှင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသေး သူများအား သံဖြူဇရပ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်း များက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
နောင်မွန်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်နှင့် နံရံကပ် ပိုစတာများ ဖြန့်ဝေ
Aug 11,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ သို့ အသိပညာပေးသည့်အနေဖြင့် နောင်မွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ပြည်သူများ လက်ဝယ်အရောက် လက်ကမ်းများဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများ ဆောင်ရွက်ခဲ့ သည်။
တာမွေမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင် အထည်ဖော် ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၈/၂၀၂၀)ကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါ့ဖုန်းယန်မြို့တွင် မဲဆန္ဒရှင်ပြည်သူများထံသို့ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေ
Aug 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန် မြို့နယ်အတွင်း၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး၊ မဲဆန္ဒရှင် စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "မဲဆန္ဒရှင် စာရင်းတွင် သင့်အမည် ပါဝင်ပါသလား" လက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူး​ပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများ ထမင်းဆိုင်နှင့် ပြန်ကျစျေးဆိုင်များ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ ဖြန့်ဝေခဲ့သည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေလွဲပြောင်းပေးအပ်
Aug 11,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေလွဲပြောင်း‌ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ၃နာရီ တွင်အဆိုပါ ဦးစီးဌာန၌ပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် ရပ်ကွက်များ၊ ကော်မရှင်ရုံးများ၌ မဲဆန္ဒရှင်အမည်စာရင်း ကြေညာထားရှိမှု မြို့နယ်ကော်မရှင်အဖွဲ့ ကွင်းဆင်းစစ်ဆေး
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း (ပထမအကြိမ်) ထုတ်ပြန်ကြေညာထားရှိမှုကို မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီက လှည့်လည် ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြန်အောင်၌ မြို့နယ်အဆင့် သဘာဝဘေး လျော့ပါးရေးဆိုင်ရာ အရေးပေါ်လုပ်ငန်း အစီအစဉ်ရေးဆွဲခြင်းနှင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်
Aug 11,2020
ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA)၊ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သော HARP-F/ UK aid အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မြို့နယ်အဆင့် သဘာဝဘေး လျော့ပါးရေးဆိုင်ရာ အရေးပေါ်လုပ်ငန်း အစီအစဉ်ရေးဆွဲခြင်းနှင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြန်အောင်မြို့ ဘိုးဘွားရိပ်သာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။