သတင်းများ

မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လုံးပတ်၁၈ပေရှိ သက်တန့်ရင့် ညောင်ပင် ပြိုလဲ
Aug 11,2020
သထုံခရိုင်၊ဘီးလင်းမြို့နယ် မုသင်ကျေးရွာအုပ်စု ၊သာယာကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (သာယာကုန်း ကျေးရွာ-မုသင်ကျေးရွာ-‌ဇုတ်သုတ် ကျေးရွာ) ရွာချင်းဆက် လမ်းမပေါ်သို့ သက်တမ်းရင့်ညောင်ပင်ကြီးတစ်ပင်မှာ ယနေ့ နံနက်ပိုင်းက ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အုတ်ဖိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ စက်မှုလယ်ယာဦးစီးဌာန အစည်းအဝေးခန်းမတွင် တောင်သူလယ်သမားများလယ်ယာသုံး စက်ကရိယာများစနစ်တကျ ကိုင်တွယ်အသုံးပြုတက်စေရန်ရည်ရွယ်၍ (၁/၂၀၂၀) လယ်ယာသုံးစက်ကရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
မအူပင်မြို့နယ်၌ ကျေးရွာ(၃)ရွာအတွက်မြစ်ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၆)လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု ကျွဲသောင်ကျေးရွာ၊ မီးသွေးချောင်းကျေးရွာအုပ်စု သောင်တန်းကျေးရွာ၊ တော်တလုပ်ကျေးရွာအုပ်စု သုံးခွဆိုင် ကျေးရွာတို့၌ တိုးမြစ်ရေနှင့် ရာဇူတိုင်မြစ်ရေ တိုးမြင့်လာမှုကြောင့် မြစ်ကမ်းပါးခိုင်ခန့်မှု အားနည်းသဖြင့် မြစ်ကမ်းနှင့်နီးစပ်သည့် ကမ်းပြိုဘေး အန္တရာယ်ကြောင့် နေအိမ်(၆)လုံး၊ အိမ်ထောင်စု (၆)စု လူဦးရေ(၂၃)ဦးအား ယမန်နေ့ နံနက် ၁၀ နာရီခွဲက မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာ
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် စာရင်းများကို ဩဂုတ်လ ၉ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာန အွန်လိုင်း ဝက်ဘ်ဆိုက်များမှ ထုတ်ပြန်ကြေ ညာခဲ့ပြီး ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။
မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့်နေရပ်ပြန်(၁၄၅)ဦးရောက်ရှိကြိုဆိုနေရာချထား
Aug 11,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့်ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန် ကျား(၈၉)ဦးနှင့် မ(၅၆)ဦး စုစုပေါင်း (၁၄၅)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင် များသို့ နေရာချထား ပေးကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုဝင်များက စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း
Aug 11,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုဝင်များက စုပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့က မြို့မဘုန်းတော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်း ဆောင်ရွက်
Aug 11,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြို့နယ်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာများစိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၀)ဖွင့်လှစ်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းရှိ မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။