မူဆယ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် မဲစာရင်းစိစစ်ခြင်းများ ဆက်လက်ဆောင်ရွက်
Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေး သည့် နိုင်ငံသားများ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် မဲစာရင်းတိကျမှန်ကန်စေရေး အတွက် မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို ဩဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မူဆယ်ခရိုင်၊ မူဆယ်မြို့(လဝက)ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမောင်မောင်တာနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့တို့ ပူးပေါင်းပြီး ဆက်လက်ကွင်းဆင်း ဆောင်ရွက်သည်။