ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းဘေး အန္တရာယ်ရှိသစ်ပင်များ ရှင်းလင်းဆောင်ရွက်
Aug 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းမကြီးဘေးတစ်လျှောက်ရှိ ခရီးသွားပြည်သူနှင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာရာတွင် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းဖယ်ရှားမှုလုပ်ငန်းများအား ကော့သောင်းမြို့နယ်၊ မလိဝမ်းနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။