လဟယ် သြဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းပြီး အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှု အစီအစဉ်ဖြင့် ယနေ့နံနက် (၉) နာရီချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၌ ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ ရက်သတ္တပတ်လှုပ်ရှားမှုတွင် ကလေး(၁၄)ဦးအား ကိုယ်ခန္ဓာအလေးချိန်များ တိုင်တာမှုနှင့် မိခင်များအား ကလေးသူငယ် ပြုစုစောင့်ရှောက်မှု သိမှတ်ဖွယ်ရာ ဗဟုသုမေးမြန်းခြင်းများကို ဆောင်ရွက်ပြီး ပ၊ ဒု၊ တ ဆု ရရှိသောကလေးများအား ဆုများချီးမြှင့်ခြင်းနှင့် ဆုမရရှိသော ကလေး (၁၁) ဦးကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစီအစဉ်မှ မြို့နယ်တာဝန်ခံ ဦးပါတင်မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရပါသည်။
ပါမင်းလှိုင်(ပြန်/ဆက်)