သတင်းများ

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ဒုတိယအကြိမ် Mask Campaign ပြုလုပ်
Aug 24,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ဒုတိယအကြိမ် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့ အမှတ်-၂ ရပ်ကွက် ဆုံကုန်းလမ်းဆုံမီးပွိုင့်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။
ပြည်မြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Aug 24,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ စာရေးဆရာ
ကျောက်ဆည်မြို့နယ် တံတားဦးကုန်းကျေးရွာတွင် သိုး၊ ဆိတ်မွေးမြူရေးနည်းလမ်းများအကြောင်း အသိပညာပေးဆွေးနွေး
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါက်တာ ရီမွန်အေးနှင့် ဝန်ထမ်းများ သည် ပေတောကြီးအုပ်စု၊ တံတားဦးကုန်းကျေးရွာ ဓမ္မာရုံတွင် ယနေ့နံနက် (၁၀) နာရီက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ သိုး၊ ဆိတ် တစ်ပိုင်တစ်နိုင်မွေးမြူထားသည့် တောင်သူများနှင့်တွေ့ဆုံပြီး မွေးမြူရေးနည်းလမ်းများအကြောင်း အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံထားရှိမည့် နေရာများအား ကွင်းဆင်းစစ်ဆေး
Aug 24,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အတွင်း မဲရုံထားရှိမည့် နေရာများအား မြို့နယ်ကော်မရှင် အဖွဲ့ဝင်များမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မအူပင်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ပေး
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်း ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၇) အုပ်စုတွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကလေးကျေးရွာနှင့် ဇရပ်ဖြူကျေးရွ ာအုပ်ချုပ်ရေးမှူးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် CASH FOR WORD အစီအစဉ်ဖြင့် ရေပေးမြောင်းလက်တံများ ချုံနွယ်ရှင်းလင်းခြင်းနှင့် သဲနှုန်းဆယ်ယူခြင်း လုပ်အားခများပေးအပ်
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ သုံးပန်လှ အောင်စေပိုင်စေ၊ ရွှေလှေ (ဗန္ဓုလ)မြစ်ရေတင် လုပ်ငန်းများတွင် လက်တံမြောင်းများ ချုံနွယ်ရှင်းလင်းခြင်း၊ မြောင်းရေသွား လမ်းတစ်လျောက် သဲနှုန်း ဆယ်ယူခြင်း လုပ်ငန်းများအတွက် လုပ်အားခပေးအပ်ပွဲကို ယမန်နေ့က နေရာသုံးနေရာတွင် ကျင်းပပြု လုပ်ခဲ့သည်။