သတင်းများ

ချောင်းဖျားရေကျသည့်အတွက် အနိမ့်ပိုင်းအိမ်များရေဝင်ရောက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်ရှိ ချောင်းဝတံတားရေကျော်
Aug 24,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ် ၂၂ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဩဂုတ် ၂၃ ရက်၌ မိုးအားလျော့နည်းသွားသော်လည်း ချောင်းဖျား၌ရွာသောမိုးကြောင့် ယနေ့နံနက်ပိုင်းတွင် ဇမိမြစ်ရေတက်ကာ ရပ်ကွက် (၆) ရှိအနိမ့်ပိုင်းနေအိမ်များရေဝင်ရောက်၍ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်ရှိ ချောင်းဝတံတားရေကျော်လျက် ရှိပါသည်။
ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူများကို မိမိတို့​နေထိုင်ရာ ရပ်ကွက်​ကျေးရွာများသို့ ပြန်လည်​ပို့​ဆောင်​ရေး​ဆောင်ရွက်​ပေး
Aug 24,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ​နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ည​နေ (၄) နာရီချိန်က မြဝတီမြို့ စောင့်ကြည့်ရေးစခန်းမှတစ်ဆင့်​ နေရပ်ပြန်ပြည်သူ (၁၉) ဦး ထပ်မံရောက်ရှိခဲ့​ကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်း ငါးမွေးတောင်သူများအား ထောက်ပံ့မည့် ငါး‌သားပေါက်များအား ကွင်းဆင်းစစ်ဆေး
Aug 24,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ငါးမွေးတောင်သူများအား ထောက်ပံ့ပေးနိုင်ရေးအတွက် ခရမ်းမြို့နယ် တင်ဒါ အောင်မြင်ခဲ့သည့် ငါးသား ဖောက်စခန်းများသို့ ယနေ့ နံနက် ၈ နာရီက ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ငါးသားဖောက်ကန်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဖာပွန်-ကမမောင်း-ဝါးဘိုးတော ကားလမ်း ရေကျော်မှုများဖြစ်ပွား
Aug 24,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဖာပွန်-ကမမောင်း-ဝါးဘိုးတော ကားလမ်းပေါ်ရှိ လမ်းရေကျော်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်
Aug 24,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း များက အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်များကို ဗီတာမင်-အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းကို
လိပ်သိုမြို့တွင် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုလျော့ချရေး သင်တန်းဖွင့်လှစ်
Aug 24,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ကက်သလစ်ဓမ္မာရုံ၌ PAUNG. SIE. FACILITY ၏ ပံ့ပိုးမှု၊ သံတောင်ကြီးအမျိုးသမီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုလျေ့ချရေးသင်တန်းကို သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ၃ ရက်တာ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရေနံချောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Aug 24,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ယနေ့နံနက် ၉ နာရီခွဲက ရေနံချောင်းမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကုန်ပစ္စည်းဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(mask)၊ လက်သန့်ဆေးရည်၊ Face shield များ ဈေးနှုန်းမြှင့်တင်ရောင်ချမှုရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိ မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Aug 24,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် စာပေဝါသနာရှင်များသည် စာရေးဆရာ ယဉ်ကျေးဆု ရေးသားသည့် “ဖိုးသီလ၏ သုတမှတ်စု” စာအုပ်ကို ဩဂုတ် ၂၂ ရက်နေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။