သတင်းများ

မြိတ်မြို့  Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ဗဟုသုတများတိုးပွားလာစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ မြိတ်မြို့နယ်စာရေးဆရာများနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီအချိန်က “အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ  Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး
Jun 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်း အကြီးဆုံးရေကူးကန်တည်ဆောက်မှုနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
Jun 26,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ မြို့များဖွံ့ဖြိုးစည်ပင်၍ သန့် ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေကြသည့်   မြို့နယ်များနှင့် မြို့စည်ပင်သာယာရေးအဖွဲ့များမှ အရာထမ်း၊ အမှုထမ်းများနှင့် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပြီး နိုင်ငံအတွင်း အကြီးဆုံးရေကူးကန် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကျင်းပ
Jun 26,2021
(၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေယာမီးပုံးပျံကွင်း ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (၈)ဦး ထပ်မံတွေ့ရှိ
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ဝက်လိုင်စင် လုပ်ကိုင် သူသည် ဖျားနာပြီးအနံ့မရသဖြင့် ‌မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများကRapid  Test  Kit(R T K)စက်ဖြင့် ယမန်နေ့ ညနေပိုင်းက စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ(၆)ဦး တွေ့ရှိ ခဲ့ပြီး၊ ယနေ့နံနက်ပိုင်းတွင် (၂)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက သိရသည်။
ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများထံပေးအပ်
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနက မေလမှ စ၍ ပန်းခင်းစီမံချက်ဖြင့်မြို့ နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား‌ စာရင်းများကောက်ယူပြုလုပ်ပေးလျက်ရှိရာ ဆောင်ရွက်ပြီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ၏ လက်ဝယ်အ ရောက်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရေကျော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ၂ ဦးတွေ့ရှိ
Jun 26,2021
မန္တလေးတိုင်းဒေသကြီး ၊မြင်းခြံ မြို့တွင်၊ အသက်၅၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာဖျားနာခြင်းနှင့် အသက်၆၇နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးမှာ အနံ့မရရှိခြင်းတို့ကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူနေစဉ် Rapid test kit ဖြင့် စစ်ဆေးခဲ့ရာ ၄င်းတို့၂ ဦး မှာ ရောဂါပို့တွေ့ရှိခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် COVID-19 ရောဂါပိုး ၄ ဦးထပ်မံ တွေ့ရှိ
Jun 26,2021
နွားထိုးကြီးမြို့၊အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသော အခြာအဆင့် ဝန်ထမ်းများဖြစ်သော အမျိုးသမီး နှစ်ဦးနှင့်၎င်း မိခင်ဖြစ်သူနှင့် လျှပ်စစ်ဌာန တွင် တာဝန်ထမ်းဆောင်နေသော အမျိုးသားတစ်ဦးတို့သည် အနံ့မရရှိသဖြင့် ၎င်းတို့၏ နေအိမ်များတွင် သွားရောက်၍ COVID-19 ပိုးရှိ/မရှိ စစ်ဆေးနိုင်ရန် ၎င်းတို့၏ Swab များရယူကာ မန္တလေးမြို့ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့ ထားရှိပြီး ၎င်း(၄)ဦးအား H.Q ထားရှိကြောင်းသိရသည်။