သတင်းများ

ပင်လည်ဘူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းများ ရှင်သန်လှုပ်ရှားမှုတိုးမြှင့်လာစေရန် မြို့နယ် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် အသက်(၆)လမှ ၅နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် အသက်(၆)လမှ ၅နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းနှင့် အသက်(၂)လမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဩဂုတ်လ (၇)ရက်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မော်လမြိုင်၌ CBFQ စခန်းများတွင် စေတနာ့ ဝန်ထမ်းဆောင်ရွက်ကြသည့်သူများအား အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဂုဏ်ပြုလွှာ ပေးအပ်
Aug 07,2020
မွန်ပြည်နယ်၊ မော်လမြိုင်၌ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘီးလင်းမြို့နယ်၌ ဝက်မွေးမြူရေး သင်တန်းဖွင့်လှစ်
Aug 07,2020
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Covid - 19 ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေးအတွက် ဝက်မွေးမြူရေးသင်တန်းကို အနိုင်းပွန်ကျေးရွာအုပ်စု တောင်ကလေးကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် မူကြိုကျောင်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ပခုက္ကူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်‌ဆောင်ရွက်သည့်ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ကွင်းဆင်းကြီးကြပ်
Aug 07,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်၊ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းနှင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြီးကြပ်ခဲ့ကြသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း ပြောင်းဖူး (၁၀၀.၂) ဧက ပျက်စီး
Aug 07,2020
လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း တောင်သူ(၆၆)ဦး၏ ပြောင်းဖူး ဧက (၁၀၀.၂) ကို ယနေ့နံနက်ပိုင်းက ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်(Grade-4) သင်ရိုးသစ် မြို့နယ်အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 07,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် (Grade-4)သင်ရိုးသစ် မြို့နယ် အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းကို လယ်ပြင်ရပ်ကွက်ရှိ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက် ၉ နာရီကစတင်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။