မိုးညို ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ ညနေပိုင်း ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူ (၂၅၀)ဦးတို့အား RDT Test ဖြင့် စစ်ဆေးခဲ့ရာ(၆၀)ဦးတွင် ကိုဗစ်-၁၉ ရောဂါ (Positive)ပိုးတွေ့ ရှိခဲ့သည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ဇွန်လ(၁၇)ရက် နေ့မှ ယမန်နေ့ ညနေထိ ရောဂါပိုး ကူးစက်ခံရသူ(၄၈၀)ဦးရှိပြီး ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိသူ(၁၈၀)ဦး ရှိပြီဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံနှင့် အားကာအိမ်ယာ တွင် လည်းကောင်း၊ ရေကင်းတိုက်နယ်ဆေးရုံနှင့် ဆင်မနိုင်တိုက်နယ်ဆေးရုံတို့ တွင်လည်းကောင်း ထားရှိကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာများနှင့် ထိစပ်သူ များကို မဟာသုမင်္ဂလသီဟကြေးသွန်း ဘုရားကြီးရှိ ဓမ္မာရုံနှင့် မိုးကုတ် ဝိပဿနာဓမ္မရိပ်သာတို့တွင် ထားရှိကာ စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုမင်း