သတင်းများ

နာဂဒေသလေရှီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့၌ ယနမန်နေ့နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့တွင်းလှည့်လည် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်း ပပြုလုပ်
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖြင့် ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ အချိန်က ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင်မိုးအဆက်မပြတ်ရွာသန်းမှုကြောင့် ဟောင်သရောမြစ်ရေလျှံတက်လာပြီး မြို့အတွင်းသို့ ရေများဝင်ရောက်
Jul 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ နံနက်၈နာရီက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဟောင်သရောမြစ်ရေလျှံတက်လာပြီး စိုးရိမ်ရေအမှတ် (၅၁၈) စင်တီမီတာသို့ကျော်လွန်ကာ (၆၂၀)စင်တီမီတာသို့ရောက်ရှိခဲ့ပြီး ကျိုက်ဒုံမြို့အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊အမှတ် (၃)ရပ်ကွက်သို့ ရောက်များဝင်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေားကော်မတီမှ သံတွဲမြို့နယ်အတွင်းရှိ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများပေးအပ်
Jul 27,2021
သံတွဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေားကော်မတီမှ မြို့နယ် အတွင်းရှိ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်ကာ လူနေအိမ်များ ရေနစ်မြုပ်
Jul 27,2021
မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်တွင်ဇူလိုင်လဒုတိယအပတ်မှစတင်ကာမိုးသည်းထန်စွာရွာသွန်း၍အတ္ထရံမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရှင်စောပုရပ်ကွက် ၁၊ ၂၊ ၃ ရှိ အိမ်များနှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ နေအိမ်များအတွင်းသို့ မြစ်ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ  Life Jacket  စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေးဆောင်ရွက်
Jul 27,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေလမ်းခရီးသွား ပြည်သ များအနေဖြင့် ရေဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Life Jacket အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင်ပြီး ခရီးသွားလာနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ ဘုတ်ဆိပ်၊ စက်လှေဆိပ်များသို့ သွားရောက်ပြီး ဈေးဝယ်ရန် လာရောက်ကြသော ပြည်သူများကို အသက်ကယ်အင်္ကျီ (LifeJacket) များ စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Jul 27,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရုံးပိတ်ရက်အား ဇူလှိုင်လ(၂၆)ရက်နေ့မှ ဩဂုတ်လ(၁) ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ဇူလိုင်လ(၂၆) ရက်နေ့တွင်မိုးညှင်မြို့ရှိ မြန်မာ့စီးပွား ရေးဘဏ်မှ ဝန်ထမ်းများသည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို အဆင်​ပြေ ချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် အထက(၁) အောင်ဆန်းခန်းမ၌ ထုတ်ပေးလျက်ရှိ ကြောင်း သိရှိရပါသည်။
ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်နေ သော ၃၃ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်း
Jul 27,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက် ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃ဦး ကျန်းမာရေးကောင်း မွန်သဖြင့် ယနေ့ နံနက် ၈နာရီ မိနစ် ၃၀ အချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင် ၊ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။