သတင်းများ

မြဝတီမြို့ရှိ ရေဘေးသင့် အိမ်ထောင်စု ၃၂၁ စု အတွက် ငွေကျပ် သိန်း ၃၀ ကျော်ထောက်ပံ့
Jul 28,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သည် သောင်ရင်းမြစ်နှင့် နယ်နိမိတ်ပိုင်းခြားထားပြီး ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းက မိုးသည်း ထန်စွာရွာသွန်း၍ အဆိုပါ သောင်ရင်း မြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေ လျှံတက် ပြီး အနိမ့်ပိုင်း နေရာများ ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စု ၃၂၁ စုအတွက် ငွေကျပ် ၃၀၇၆၅၀၀ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူဖြစ်စေရန် ဝမ်လုံးကျေးရွာ Quarantine Centerတွင် PPE ဝတ်စုံ (၄၀)နှင့်အတူ သြဂဲနစ်(Organic)သဘာဝသီးနှံဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေး
Jul 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်(၁၉) ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူဖြစ်စေရန် ဝမ်လုံးကျေးရွာရှိ Quarantine Centerတွင် အသုံးပြုနိုင်ရေး ရှမ်းရှေ့နဂါးမင်း ကုမ္ပဏီက PPE ဝတ်စုံ ၄၀ စုံနှင့်အတူ ဩဂဲနစ် (Organic)သဘာဝသီးနှံများ၊ ဟင်းသီးဟင်းရွက်များကို ယမန်နေ့ ညနေပိုင်းက ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့နယ်တွင် ကူညီဖြည့် ဆည်း ပေးနေမှုအား အသင်း၏ဦးဆောင် နာယကဆရာတော်ထံ ဆက်သွယ်မေးမြန်းခြင်း
Jul 28,2021
ကိုဗစ်-၁၉ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်နေမှုကို အာယု သုခလူမှုကူညီရေးအသင်းက ပခုက္ကူမြို့နယ်တွင် ကူညီဖြည့် ဆည်း ပေးနေမှုအား အသင်း၏ဦးဆောင် နာယကဆရာတော်ထံ ဆက်သွယ်မေးမြန်းခြင်း
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ ၇ ရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး တံတားနှစ်စင်း ရေထဲမျောပါပျက်စီး
Jul 28,2021
 ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ(၇)ရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိပြီး တံတားနှစ်စင်း ရေထဲမျောပါပျက်စီးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေလွတ်ရာသို့ ပြောင်းရွေ့နေရာချထားပေး
Jul 28,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်ရှိမြေနိမ့်ပိုင်း   အချို့တွင် ရေကြီးမှုများ  ဖြစ်ပေါ်လျက်ရှိသည်။
အင်္ဂပူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်ကသူချောင်းရေလျှံပြီး ကျေးရွာအချို့ရှိ လူနေအိမ်များတွင် ရေများဝင်ရောက်လျက်ရှိ
Jul 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်၇နာရီချိန်မှစတင်၍ နန်ကသူချောင်းရေလျှံပြီး  ကျေးရွာအချို့ရှိ လူနေအိမ်များအတွင်း   ရေဝင်ရောက်လျက်ရှိကြောင်း   သိရသည်။
ထန်းတပင်မြို့နယ်၌ ဆေးရုံများနှင့်အများပြည်သူများထံသို့ အောက်ဆီဂျင်များဖြန့်ဝေဆောင်ရွက်ပေး
Jul 28,2021
အများပြည်သူများ အောက်ဆီဂျင်အခက်အခဲများမရှိစေရေးနှင့် အမှန်တကယ်လိုအပ်သည့် ပြည်သူများ အောက်ဆီဂျင်များရရှိစေရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းအောက်ဆီဂျင်များကို ဖြန့်ဝေ ဆောင်ရွက်ပေး လျက်ရှိပြီး ဇူလိုင်လ(၂၇)ရက်နေ့အထိ အောက်ဆီဂျင် လီတာ(၄၀)ဆံ့ (၁၁ဝ)အိုးကို မြို့နယ်အတွင်းရှိဆေးရုံများနှင့် အများပြည်သူများထံသို့ ဖြန့်ဝေဆောင် ရွက်ပေးပြီး ဖြစ်ကြောင်းသိရသည်။
တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ပေးလျက်ရှိ
Jul 28,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် မြို့တွင်းလှည့်လည် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။