အောက်ဆီဂျင်စက်ရုံ ထားရှိမည့် အဆောက်အဦတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှူ စစ်ဆေး
Jul 27,2021
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်ထွန်း၊ နှင့် ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသောလူနာများအား အောက်ဆီဂျင်အခမဲ့ဖြန့်ဝေပေး နိုင်ရန် အတွက် တစ်နာရီလျှင် အောက်ဆီဂျင် ၁၈၀ လီတာ ထုတ်ပေးနိုင်သည့် စက်ရုံထားရှိနိုင်ရေးအတွက် အဆောက်အဦ တည်ဆောက်နေမှုအခြေအနေအား ယနေ့နံနက် ၁၀ နာရီက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။