သတင်းများ

ကျိုက်ဒုံမြို့၌ အသက်(၆၅)နှစ်နှင့်အထက်‌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Aug 01,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ (အ.ထ.က )ကျောင်းတွင် ဇူလိုင်လ ၃၁ ရက် နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေးအဖွဲ့များက အသက် (၆၅) နှစ်နှင့်အထက် အသက်ကြီးသူ မိဘပြည်သူ များနှင့် ဦးစားပေးထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးVaccine(Vero cell)ကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ
Aug 01,2021
 မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင် ၃၁ ရက်နံနက် ၈ နာရီခွဲက  မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။
ဗန်းမော်အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံပေး
Aug 01,2021
ကချင်ပြည်နယ် ဗန်းမော်မြို့ အကျဉ်းဦးစီးဌာန၊ ဗန်းမော်အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံပေးခြင်းကို ဇူလိုင် ၃၁ ရက် နံနက် ၈ နာရီခွဲက စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)များ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွက်    တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)များ   အလုံးရေ(၂၀၃၀)လုံးအား  အမြန်ရေယာဉ်ဖြင့် သယ်ယူလာပြီး ဇူလိုင်လ  (၃၀)ရက်နေ့နံနက်(၉:၃၀)အချိန်က  မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်Valunteerများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Aug 01,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Simopharm များ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈) နာရီအချိန်မှစတင်ကာ ဝမ်းတွင်းမြို့စည်ပင်သာယာရေးခန်းမစုရပ်တွင် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထားဝယ်မြို့တွင် စုရပ် (၃) နေရာ၌အုပ်စု(၄)အုပ်စုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ပထမအကြိမ်ထိုးနှံပေးလျက်ရှိ
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စုရပ်(၃)နေရာ၌ အုပ်စု(၄)အုပ်စုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့ နံနက်ပိုင်းတွင် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ သာသနာ့နွယ်ဝင် ဆရာတော်၊သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 01,2021
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်နှင့်   ကျောင်းတိုက်အသီးသီး မှ သာသနာ့နွယ်ဝင်ဆရာတော် ၊ သံဃာတော် များအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဟင်္သာတမြို့၊  မြစ်ကွေ့ကျောင်းပရိယတ္တိ စာသင်တိုက် တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြော
Aug 01,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ တိုက်ရှောင်စခန်းများသို့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက်  ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များက အဆိုပါတိုက်ပွဲရှောင်စခန်းနေရာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။