ဟားခါး၊ ထန်တလန်နှင့် မတူပီမြို့နယ်များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (၂၅၆၅) ပုလင်း ဟားခါးမြို့သို့ ရောက်ရှိ

                                                ဟားခါး           ဩဂုတ်          ၈
ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်များအတွက် ပေးပို့လာ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  ( ၂၅၆၅ ) ပုလင်းကို ယမန်နေ့ ညနေ  ၃ နာရီ ၁၅ မိနစ်တွင် ဟားခါးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များကို ယနေ့နံနက်ပိုင်းက ကလေးမြို့မှ သယ်ယူလာခြင်းဖြစ်ပြီး ဟားခါးမြို့နယ်အတွက် (၈၄၁) ပုလင်း၊ ထန်တလန်မြို့နယ်အတွက် ( ၈၁၆ ) ပုလင်း၊ မတူပီမြို့နယ်အတွက် (၉၀၈) ပုလင်း စုစုပေါင်း (၂၅၆၅) ပုလင်းဖြစ်ကြောင်း၊ အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ (၁) ပုလင်းလျှင် (၂)ယောက်ထိုးနှံနိုင်သည့် ပုလင်းများ ဖြစ်ကြောင်း ( 1 vial =2 doses ) ၊ ကာကွယ်ဆေးများကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဆေးရုံရှိ ဆေးသိုလှောင်ရုံ ( အအေးခန်း ) ၌ သိမ်းဆည်း သိုလှောင်ထားရှိကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ်များသို့ ဆက်လက် ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက်)