နမ့်စန်(တ) ဩဂုတ် ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် နမ့်စန်မြို့တွင် အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ် ဖြန့်ဖြူးနေမှုအခြေအနေ များကို ယနေ့နေ့လည် ၁၂ နာရီခွဲက လာရောက်ကြည့်ရှုစစ်ဆေးပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မတည်မှု၊ အလှူရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောက်လုပ်ထားသည့် နမ့်စန်မြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ တာဝန်ရှိသူများ ကလာရောက်၍ မြို့နယ်မှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးနေမှု အခြအနေများကို ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အောက်ဆီဂျင်စက်ရုံ လည်ပတ်ရေး ကြီးကြပ်မှုကော်မတီမှ ဦးကောင်းမြတ်သူနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမြင့်သန်းတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအဆင့်ဆင့်နှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် က ထပ်မံပံ့ပိုးဆောင်ရွက်ပေးမည့်အခြေအနေများကိုပြောကြားခဲ့ပြီး အောက်ဆီဂျင်စက်ရုံအတွက် အောက်ဆီဂျင် ၄၀ လီတာ ဆန့်အိုး ၁၈၀ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးတို့က အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးနှင့် လည်ပတ်ရေး အတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော Cherry Queen ကုမ္ပဏီ ၊ သုခဂေဟာ နှင့် စုထိုက်စံ ကုမ္ပဏီ၊ တောင်တန်းလူငယ် လူမှုကူညီရေးအသင်း၊ မေတ္တာရှင်နာရေးကူညီမှုအသင်း၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ အဖြူရောင် အောက်ဆီဂျင်အသင်း ၊ကရုဏာရှင် လူမှုကူညီရေးအသင်း နှင့် ငြိမ်းချမ်းနာရေးကူညီမှု အသင်းတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ အသင်း အဖွဲ့မှတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံအနောက်ဘက်ရှိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ များထားရှိကုသလျှက် ရှိသော Positive Centre (၄ထပ်ဆောင် ) သို့သွားရောက်၍ လူနာများအတွက် ရေသန့် ၊ ကြက်ဥ နှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့လှူဒါန်းခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် က လက်ခံရယူခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)